ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။-
လုကာ 15:8 - မြန်မာ တစ်နည်းကား၊ တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။- Common Language Bible ``တစ်နည်းကား၊ အမျိုးသမီးတစ်ဦးသည်မိမိ မှာရှိသည့်ဒင်္ဂါးဆယ်ပြားအနက်တစ်ပြားပျောက် သွား၏။ ထိုအခါသူသည်မီးထွန်း၍ အိမ်ကို လှည်းကျင်းကာမတွေ့မချင်းသေချာစွာရှာ မည်မဟုတ်လော။- Garrad Bible တစ် နည်း မိန်း မ တစ် ယောက် သည် ငွေ တစ် ဆယ် ရှိ၍ တစ် ကျပ် ပျောက် လျှင် မီး ထွန်း လျက်၊ အိမ် ကို လှည်း ကျင်း လျက် မ တွေ့ မ ချင်း ကြိုး စား၍ မ ရှာ ဘဲ မည် သူ နေ အံ့ နည်း။ Judson Bible တစ်နည်းကား၊ တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။- မြန်မာ့စံမီသမ္မာကျမ်း ထိုမှတစ်ပါး အမျိုးသမီးတစ်ဦး၌ ငွေဒင်္ဂါးဆယ်ပြားရှိပြီး ၎င်းတို့ထဲမှ တစ်ပြားသည်ပျောက်ဆုံးလျှင် သူသည် ဆီမီးထွန်း၍ အိမ်ကိုလှဲကျင်းကာ ၎င်းကိုမတွေ့မချင်းသေချာစွာရှာမည်မဟုတ်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နည်းဆိုသော် အမျိုးသမီးတစ်ဦး၌ ငွေဒင်္ဂါးဆယ်ပြားရှိ၍ ထိုအထဲမှ တစ်ပြားပျောက်သွားပါက သူသည် ဆီမီးခွက်ကိုထွန်း၍ အိမ်အခန်းထောင့်ရှိသမျှတို့ကို လှည်းကျင်းပြီး ပြန်တွေ့သည်အထိ ဂရုတစိုက်ရှာဖွေမည် မဟုတ်လော။ |
ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။-
ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။
တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော။-
လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။
ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်။-
ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။-