တစ်ဖန် မိန့်တော်မူသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍၊ သန်းခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့သွားပြီးလျှင်၊ အဆွေ၊-
လုကာ 11:6 - မြန်မာ အကျွန်ုပ် အဆွေခင်ပွန်းတစ်ယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကို ကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေးနှင့်ပါဟု ဆိုသော်၊- Garrad Bible ခ ရီး ရောက် မ ဆိုက် မိတ် ဆွေ တစ် ယောက် ကို တည် ရန် မ ရှိ ပါ ဟု ဆို သော်။ Judson Bible အကျွန်ုပ် အဆွေခင်ပွန်းတစ်ယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကို ကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေးနှင့်ပါဟု ဆိုသော်၊- မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏မိတ်ဆွေတစ်ဦးသည် ခရီးသွားရာမှ အကျွန်ုပ်ထံသို့ရောက်လာ၏။ အကျွန်ုပ်၌ သူ့ကိုကျွေးရန် မည်သည့်အရာမျှမရှိသောကြောင့် အကျွန်ုပ်အား မုန့်သုံးလုံးချေးပေးပါ’ဟု ဆိုသော်လည်း ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးသည် ခရီးသွားရာမှ ကျွန်ုပ်ထံ ရောက်လာပါ၏။ သူ့အား ဧည့်ခံရန် ဘာမျှမရှိသောကြောင့် ကျွန်ုပ်ကို ပေါင်မုန့်သုံးလုံး ချေးပေးပါ’ ဟု ဆိုသော် |
တစ်ဖန် မိန့်တော်မူသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍၊ သန်းခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့သွားပြီးလျှင်၊ အဆွေ၊-
အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့် အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ၊-