ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ၏။-
လုကာ 11:53 - မြန်မာ ထိုသို့ ပရိသတ်တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရမည်အကြောင်း၊- Common Language Bible ထိုအရပ်မှကိုယ်တော်ထွက်ကြွတော်မူသော အခါကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ သည် ကိုယ်တော်အားပြင်းထန်စွာဝေဖန်မှုကို စတင်ပြုလုပ်လာကြ၏။- Garrad Bible ထို အ ရပ် မှ ထွက် ကြွ တော် မူ သော် ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့ သည် ကိုယ် တော် ကို ကြီး စွာ ရန် ငြိုး ဖွဲ့ သ ဖြင့် နှုတ် တော် ထွက် စ ကား ကို ဖမ်း မိ ရန် စောင့် စား လျက် အ မျိုး မျိုး မေး မြန်း ကြ ၏။ Judson Bible ထိုသို့ ပရိသတ်တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရမည်အကြောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာမှ ကိုယ်တော်ထွက်ကြွတော်မူသောအခါ ကျမ်းပြုဆရာများနှင့်ဖာရိရှဲတို့သည် ကိုယ်တော်အပေါ် ကြီးစွာရန်ငြိုးထားလျက် အကြောင်းအရာအမျိုးမျိုးတို့ကို တရစပ်မေးမြန်းကာ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် အပြင်သို့ ထွက်တော်မူစဉ် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် ယေရှုကို အလွန်ရန်လိုမုန်းတီးသဖြင့် အကြောင်းအရာများစွာနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းများ ပြုလာကြ၏။ |
ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ၏။-
ချောင်းမြောင်းလျက် စကားတော်ကိုဖမ်းခြင်းငှာ ရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာတို့၌ မေးစစ်ကြ၏။
ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကို ချောင်းမြောင်းလျက်၊ စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်းလက်သို့ အပ်နှံသောအခွင့်ကိုရခြင်းငှာ သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုတို့ကို အထံတော်သို့ စေလွှတ်ကြ၏။-
ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍၊-