မြွေတို့ကို ဖမ်းကိုင်ကြလတ္တံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတ္တံ့။ မကျန်းမမာသော သူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတ္တံ့ဟု မိန့်တော်မူ၏။
လုကာ 10:19 - မြန်မာ သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။- Common Language Bible မြွေဆိုးများ၊ ကင်းမြီးကောက်များအပေါ်မှာ နင်းသွား၍ စာတန်၌ရှိသမျှသောတန်ခိုးကို နှိမ်နင်းနိုင်သည့်အာဏာကိုသင်တို့အားငါပေး အပ်ထားပြီ။ အဘယ်ဘေးမျှသင်တို့၌မရောက်ရ။- Garrad Bible မြွေ၊ ကင်း များ ကို နင်း ခွင့်၊ ရန် သူ၏ တန် ခိုး ရှိ သ မျှ ကို နိုင် ခွင့် အာ ဏာ ငါ ပေး အပ်၍၊ Judson Bible သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့အား မြွေများနှင့်ကင်းမြီးကောက်များကိုနင်းချေ၍ ရန်သူ၏တန်ခိုးအလုံးစုံတို့ကိုနိုင်ရသောအခွင့်အာဏာကို ပေးအပ်ထားပြီဖြစ်၍ မည်သည့်အရာကမျှ သင်တို့ကို အနာတရဖြစ်စေမည်မဟုတ်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကြည့်လော့။ ငါသည် သင်တို့ကို မြွေဆိုးနှင့် ကင်းမြီးကောက်များအပေါ်တွင် နင်းခြေရသောအခွင့်နှင့် ရန်သူများအပေါ် အုပ်စိုးရသော တန်ခိုးအာဏာကို ပေး၏။ မည်သည့်အရာမျှ သင်တို့ကို မထိခိုက်စေရ။ |
မြွေတို့ကို ဖမ်းကိုင်ကြလတ္တံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတ္တံ့။ မကျန်းမမာသော သူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတ္တံ့ဟု မိန့်တော်မူ၏။