ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်း လွှတ်လိုက်တော်မူပြီ။-
လုကာ 1:54 - မြန်မာ ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့် အညီ၊- Common Language Bible ကိုယ်တော်သည်ငါတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ကတိတော်နှင့်အညီ၊ မိမိ၏အစေခံဣသရေလကိုမစတော်မူပြီ။ Garrad Bible အာ ဗြ ဟံ နှင့် သား စဉ် မြေး ဆက် တို့၌ ကာ လ အ စဉ် က ရု ဏာ ပြ မည် ဟု ဘိုး ဘေး တို့ အား ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း က ရု ဏာ တော် ကို သ တိ ရ လျက်၊ အ စေ တော် ခံ ဣ သ ရေ လ ကို မ စ တော် မူ ပြီ ဟူ၍ မြွက် ဆို၏။ Judson Bible ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့် အညီ၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ငါတို့ဘိုးဘေးများအားမိန့်တော်မူသည့်အတိုင်း အာဗြဟံမှစ၍ သူ၏အမျိုးအနွယ်အပေါ် ကာလအစဉ်အဆက်ထားရှိသောကရုဏာတော်ကိုအောက်မေ့၍ မိမိ၏အစေခံအစ္စရေးလူမျိုးကို ကူညီမစတော်မူပြီ”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ကျွန်မတို့၏ဘိုးဘေးများဖြစ်သော အာဗြဟံနှင့် သူ၏မျိုးဆက်များအား ပေးခဲ့သောကတိတော်ရှိသည့်အတိုင်း သနားတော်မူရန် အစဉ်အမြဲသတိရတော်မူပြီ။ ထို့ကြောင့် မိမိအစေခံအစ္စရေးလူမျိုးကို ကူညီမစတော်မူပြီ” ဟု ဆို၏။ |
ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်း လွှတ်လိုက်တော်မူပြီ။-
အာဗြဟံမှစသော သူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှာ သတိထား၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟု ဆို၏။-