သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာ မဖြစ်မီနေ့တိုင်အောင် စကားမပြောနိုင်ဘဲ၊ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန်လျှင် ပြည့်စုံလိမ့်မည်ဟု ပြောဆို၏။
လုကာ 1:45 - မြန်မာ ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။ Common Language Bible ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော် အတိုင်းဖြစ်လိမ့်မည်ဟုသင်သည်ယုံကြည်သဖြင့် မင်္ဂလာရှိ၏'' ဟုကျယ်စွာမြွက်ဆို၏။ Garrad Bible ထာ ဝ ရ ဘု ရား ထံ မှ ဆင့် ဆို ချက် ပြည့် စုံ မည် ကို ယုံ ကြည် ပြီး ဖြစ် သော သင်၌ မင်္ဂ လာ ရှိ သည် ဟု အ သံ ကျယ် စွာ ဟစ် လျက် မြွက် ဆို၏။ Judson Bible ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း မိမိအား ထာဝရဘုရားမိန့်တော်မူသောအရာများပြည့်စုံမည်ဟု ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်ပြောဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် ထာဝရဘုရား မိန့်တော်မူသောအရာများ ပြည့်စုံမည်ဟု ယုံကြည်သောကြောင့် မင်္ဂလာရှိ၏” ဟု ကျယ်လောင်သောအသံဖြင့် ပြောဆို၏။ |
သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာ မဖြစ်မီနေ့တိုင်အောင် စကားမပြောနိုင်ဘဲ၊ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန်လျှင် ပြည့်စုံလိမ့်မည်ဟု ပြောဆို၏။
သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည် ရွှင်မြူးသောစိတ်နှင့် ခုန်၏။-
အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။-
ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။-
ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။