ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင် တစ်ကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြောဆိုကြပြီးလျှင်၊ ထိုသူကို တရားဇရပ်မှနှင်ထုတ်ကြ၏။
ရှင်ယောဟန် 9:40 - မြန်မာ အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။- Common Language Bible ကိုယ်တော်၏အနီးတွင်ရှိနေကြသောဖာရိရှဲ တို့သည်ထိုစကားတော်ကိုကြားသဖြင့် ``အကျွန်ုပ် တို့သည်လည်းမျက်မမြင်များဖြစ်သည်ဟုဆိုလို ပါသလော'' ဟုမေးကြ၏။ Garrad Bible နောက်တော်ပါဖာရိရှဲတို့ကြား၍ ကျွန်ုပ်တို့လည်းမျက်စိကန်းသလောဟုမေးမြန်းကြသော်၊ Judson Bible အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်နှင့်အတူရှိနေသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင် “အကျွန်ုပ်တို့သည်လည်း မျက်မမြင်များဖြစ်ကြသလော”ဟု မေးလျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုအနီး၌ ရှိနေသော ဖာရိရှဲတချို့က ထိုစကားတော်ကို ကြားသောအခါ “ငါတို့သည် မျက်မမြင်ဖြစ်ကြသလော” ဟု ဆိုကြ၏။ |
ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင် တစ်ကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြောဆိုကြပြီးလျှင်၊ ထိုသူကို တရားဇရပ်မှနှင်ထုတ်ကြ၏။
ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ယခု ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။