ကျမ်းတတ်တစ်ယောက်ကလည်း၊ အရှင်ဘုရား ထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ်တင်တော်မူ၏ဟု လျှောက်သော်၊-
ရှင်ယောဟန် 9:34 - မြန်မာ ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင် တစ်ကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြောဆိုကြပြီးလျှင်၊ ထိုသူကို တရားဇရပ်မှနှင်ထုတ်ကြ၏။ Common Language Bible ထိုသူတို့က ``သင်သည်ဝမ်းတွင်းပါအပြစ် နှင့်ကြီးပြင်းလာသူဖြစ်ပါလျက် ငါတို့အား သွန်သင်နေပါသလော'' ဟုဆို၍တရား ဇရပ်မှနှင်ထုတ်လိုက်ကြ၏။ Garrad Bible သင်သည်အပြစ်၌ လုံးလုံးဖွားလာသူဖြစ်လျက် ငါတို့ကိုသင်ကြားသလောဟု ပြန်ဆိုပြီးလျှင် ထုတ်ပယ်လိုက်ကြ၏။ Judson Bible ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင် တစ်ကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြောဆိုကြပြီးလျှင်၊ ထိုသူကို တရားဇရပ်မှနှင်ထုတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့ကလည်း “သင်သည် တစ်ကိုယ်လုံးအပြစ်နှင့်ပြည့်နှက်ပြီး မွေးဖွားလာသူဖြစ်လျက်နှင့် ငါတို့ကိုသွန်သင်မည်လော”ဟု ပြန်၍ပြောဆိုကာ သူ့ကို အပြင်သို့နှင်ထုတ်လိုက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့ကလည်း “သင်သည် အပြစ်အပြည့်နှင့် မွေးလာသူဖြစ်လျက်နှင့်ပင် ငါတို့ကို သွန်သင်နေသလော” ဟု ဆိုကာ ဝတ်ပြုဆောင်မှ နှင်ထုတ်ကြ၏။ |
ကျမ်းတတ်တစ်ယောက်ကလည်း၊ အရှင်ဘုရား ထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ်တင်တော်မူ၏ဟု လျှောက်သော်၊-
ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူ မည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။
ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။
ပယ်ရှားနှင်ထုတ်၍ ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။-
ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည်အလျှင်းမပယ်။-
သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုး မဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတစ်ပါးတည်းရှိတော်မူသည်ဟု ဆိုကြ၏။-
တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။-
ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားဇရပ်မှ နှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်နှင့်ကြပြီ။-
နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။-
အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။-