ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။-
ရှင်ယောဟန် 9:31 - မြန်မာ ဘုရားသခင်သည် လူဆိုးတို့စကားကို နားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။- Common Language Bible ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။- Garrad Bible ဘုရားသခင်သည် အပြစ်သားတို့အား နားညောင်းတော်မမူကြောင်းကိုလည်းကောင်း၊ ကြည်ညိုကိုးကွယ်လျက် အလိုတော်ကိုဆောင်ရွက်သူဖြစ်လျှင် နားညောင်းတော်မူကြောင်းကိုလည်းကောင်းသိကြပါ၏။ Judson Bible ဘုရားသခင်သည် လူဆိုးတို့စကားကို နားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် အပြစ်သားတို့ကိုနားညောင်းတော်မမူ။ သို့သော် မည်သူမဆို ဘုရားသခင်ကိုရိုသေလေးမြတ်၍ အလိုတော်ကိုဆောင်ရွက်လျှင် ထိုသူကိုဘုရားသခင်နားညောင်းတော်မူကြောင်း အကျွန်ုပ်တို့သိကြပါ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် အပြစ်သားတို့၏ စကားကို နားထောင်တော်မမူကြောင်း ကျွန်ုပ်တို့သိကြ၏။ သို့သော် ဘုရားသခင်ကို ကိုးကွယ်၍ အလိုတော်ကို လိုက်နာသောသူ၏ စကားကိုမူ ဘုရားသခင်နားထောင်တော်မူ၏။ |
ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။-
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။
ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။-
ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။-
သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩဖွယ်ရှိ၏။-
အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကို မျက်စိမြင်စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။-