ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတစ်ယောက်သည်၊-
ရှင်ယောဟန် 9:21 - မြန်မာ အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကိုလည်းကောင်း၊ အဘယ်သူသည် သူ၏မျက်စိကိုဖွင့်သည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။- Common Language Bible သို့ရာတွင်အဘယ်နည်းဖြင့်သူ့မျက်စိမြင် လာသည်ကိုအကျွန်ုပ်တို့မသိပါ။ သူ့အား အဘယ်သူမျက်စိမြင်စေသည်ကိုလည်းမသိ ပါ။ သူသည်အရွယ်ရောက်ပါပြီ။ သူ့အားမေး ပါ။ သူ့အကြောင်းကိုသူကိုယ်တိုင်ပြောပြ နိုင်ပါလိမ့်မည်'' ဟုဖြေကြားကြ၏။- Garrad Bible သို့ရာတွင် ယခုမည်သို့မျက်စိမြင်ရသည်ကိုလည်းကောင်း၊ မည်သူပွင့်စေသည်ကိုလည်းကောင်း၊ ကျွန်တော်တို့မသိပါ။ အရွယ်ရောက်လျက်ရှိသောသူ့ကိုမေးကြပါ။ ကိုယ့်အကြောင်းကိုယ်ပြောပါစေဟုပြန်ဆိုကြ၏။ Judson Bible အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကိုလည်းကောင်း၊ အဘယ်သူသည် သူ၏မျက်စိကိုဖွင့်သည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယခု မည်သို့မျက်စိမြင်လာသည်ကို အကျွန်ုပ်တို့မသိကြပါ။ သူ့ကိုမျက်စိမြင်အောင် မည်သူပြုလုပ်ပေးခဲ့သည်ကိုလည်း မသိကြပါ။ သူ့ကိုမေးကြပါလော့။ သူသည် အရွယ်ရောက်နေပါပြီ။ သူ့အကြောင်းကို သူကိုယ်တိုင်ပြောပြပါလိမ့်မည်”ဟု ပြန်ပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယခု သူမည်သို့ မျက်စိမြင်လာသည်ကို ကျွန်ုပ်တို့မသိပါ။ မည်သူက သူ့မျက်စိကို မြင်စေခဲ့သည်ကိုလည်း ကျွန်ုပ်တို့မသိပါ။ သူ့ကိုသာ မေးပါ။ သူသည်လည်း အရွယ်ရောက်ပြီဖြစ်သောကြောင့် သူကိုယ်တိုင် ပြောပါလိမ့်မည်” ဟု ဖြေကြ၏။ |
ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတစ်ယောက်သည်၊-
ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသောသူတစ်ယောက်သည် ရေကန်နားမှာရှိ၏။-
မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏ သားမှန်သည်ကိုလည်းကောင်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ သိကြပါ၏။-
ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားဇရပ်မှ နှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်နှင့်ကြပြီ။-
ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။