ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။-
ရှင်ယောဟန် 9:12 - မြန်မာ လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။ Common Language Bible လူတို့က ``ထိုသူသည်အဘယ်မှာနည်း'' ဟု မေးလျှင်၊ သူတောင်းစားက ``အကျွန်ုပ်မသိပါ'' ဟုဆို၏။ Garrad Bible ထိုသူအဘယ်မှာနည်းဟုမေးကြသော် ကျွန်တော်မသိပါဟုပြန်ဆို၏။ Judson Bible လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြသော် သူက “အကျွန်ုပ်မသိပါ”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့က “ထိုသူသည် အဘယ်မှာ ရှိသနည်း” ဟု မေးကြသော် ထိုသူက “ကျွန်ုပ်မသိပါ” ဟု ဆို၏။ |
ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။-
ထိုသူက၊ ယေရှုအမည်ရှိသော သူတစ်ယောက်သည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင်ရေကန်သို့သွား၍ မျက်စိကိုဆေးလော့ဟု ဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။-