သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။-
ရှင်ယောဟန် 8:4 - မြန်မာ အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။- Common Language Bible သခင်ယေရှုအား ``အရှင်ဘုရား၊ ဤမိန်းမ မျောက်မထားသည်ကိုအကျွန်ုပ်တို့လက်ပူး လက်ကြပ်ဖမ်းမိပါ၏။- Garrad Bible ကိုယ်တော်ကိုအပြစ်စွဲဆိုခွင့်ရရှိစေခြင်းငှါ စုံစမ်းမေးမြန်းကြသည်မှာ ဆရာ၊ မျောက်မထားမှုပြုစဉ်ပင် ဤမိန်းမကိုတွေ့မိကြပါပြီ။ မောရှေသည်ဤသို့သောမိန်းမကို ခဲပစ်သတ်ဒဏ်ခတ်စေဟု ပညတ္တိကျမ်း၌ မှာထားခဲ့ပါပြီ။ ဆရာမူကား၊ မည်သို့မိန့်ဆိုပါသနည်းဟုမေးကြရာ ယေရှုသည်ငုံ့လျက် လက်ညှိုးတော်နှင့် မြေပေါ်တွင်ရေးသား၍နေတော်မူ၏။ Judson Bible အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။- မြန်မာ့စံမီသမ္မာကျမ်း “ဆရာ၊ ဤမိန်းမသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်နေစဉ်၌ပင် အဖမ်းခံရပါသည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့က “ဆရာတော်… ဤအမျိုးသမီး အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်နေစဉ်တွင်ပင် အကျွန်ုပ်တို့သည် သူ့ကို ဖမ်းမိပါ၏။ |
သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။-
မှားယွင်းခြင်းအမှုကို ပြုလျက်နေသော မိန်းမတစ်ယောက်ကိုတွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးမှ၊-
ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။-