ရှင်ယောဟန် 8:30 - မြန်မာ ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ Common Language Bible ဤသို့မိန့်တော်မူသည်ကိုကြားရသောလူ အမြောက်အမြားပင်ကိုယ်တော်ကိုယုံကြည် လာကြ၏။ Garrad Bible ထိုသို့မိန့်တော်မူစဉ် အများတို့သည်ကိုယ်တော်ကိုယုံကြည်ကြသတည်း။ Judson Bible ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤစကားတော်တို့ကိုမိန့်တော်မူစဉ် များစွာသောလူတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မိန့်တော်မူသည်ကို ကြားသောလူများစွာသည် ယေရှုကို ယုံကြည်လာကြ၏။ |
ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။-
ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။-
ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ၏။-
လူအစုအဝေးထဲ၌ ပါသောလူအများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။