မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစ်စုံတစ်ယောက်မျှရှိသလော။-
ရှင်ယောဟန် 7:49 - မြန်မာ တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ဆိုကြ၏။- Common Language Bible ဤလူထုသည်ပညတ်တရားကိုမသိသော ကြောင့် ဘုရားသခင်၏ကျိန်ဆဲခြင်းကိုခံကြ ရပြီတကား'' ဟုဆိုကြ၏။ Garrad Bible ပညတ်တရားကိုမသိမကျွမ်းသော ဤပြည်သူပြည်သားတို့၌မူကား အမင်္ဂလာရှိကြသည်ဟုဆိုကြ၏။ Judson Bible တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပညတ်တရားကိုမသိသော ဤလူထုပရိသတ်သည် ကျိန်ခြင်းကိုခံရသူများဖြစ်ကြပါသည်တကား”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်ကျမ်းကို နားမလည်ကြသော ဤလူထုသည် သူ့နောက်သို့ လိုက်ကြ၏။ ဘုရားသခင်၏ ကျိန်ဆိုခြင်းသည် သူတို့အပေါ်၌ ရှိ၏” ဟု ပြောဆိုကြ၏။ |
မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစ်စုံတစ်ယောက်မျှရှိသလော။-
အထက်က ညအခါ၌ အထံတော်သို့လာသော သူတည်းဟူသော ထိုမင်းများအဝင်ဖြစ်သော နိကောဒင်ကလည်း၊-
ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင် တစ်ကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြောဆိုကြပြီးလျှင်၊ ထိုသူကို တရားဇရပ်မှနှင်ထုတ်ကြ၏။
အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။-