ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟု ဆိုကြ၏။-
ရှင်ယောဟန် 7:46 - မြန်မာ မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောစဖူးပါဟု လျှောက်ကြ၏။- Common Language Bible အစောင့်တပ်သားများက ``ဤသူဟောပြော သကဲ့သို့မည်သူမျှမဟောစဖူးပါ'' ဟု ဆိုကြ၏။ Garrad Bible မင်းမှုထမ်းတို့က ထိုသူကဲ့သို့မည်သူမျှမဟောစဘူးပါဟု ပြန်ဆိုကြရာ၊ Judson Bible မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောစဖူးပါဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အစောင့်တပ်သားတို့က “ထိုသူကဲ့သို့ မည်သူမျှမဟောပြောခဲ့ဖူးပါ”ဟု ပြန်လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဗိမာန်တော်အစောင့်များက “ထိုသူ ဟောပြောသကဲ့သို့ မည်သူမျှ မဟောပြောဖူးပါ” ဟု ဖြေကြ၏။ |
ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟု ဆိုကြ၏။-
အာဏာနှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာတော်ကို အလွန်အံ့ဩကြ၏။-
ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။-
ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖာရိရှဲတို့သည်ကြားလျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဖမ်းဆီးစေခြင်းငှာ မင်းလုလင်တို့ကို စေလွှတ်ကြ၏။-