ရှင်ယောဟန် 6:6 - မြန်မာ ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှာသာ မေးတော်မူ၏။- Common Language Bible (ဤသို့မေးတော်မူခြင်းမှာဖိလိပ္ပုကိုအကဲ ခပ်လို၍ဖြစ်၏။ ကိုယ်တော်ကားမိမိအဘယ် သို့ပြုမည်ကိုသိရှိပြီးဖြစ်ပေသည်။) Judson Bible ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှာသာ မေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ဖိလိပ္ပုကိုစမ်းသပ်လို၍ မေးတော်မူခြင်းသာဖြစ်ပြီး မိမိမည်သို့ပြုမည်ကို သိနှင့်ပြီဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် မိမိမည်သို့ လုပ်ဆောင်မည်ကို သိနှင့်တော်မူသော်လည်း ဖိလိပ္ပုကို စမ်းသပ်ရန် ထိုသို့ မေးတော်မူခြင်းဖြစ်၏။ |