အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။-
ရှင်ယောဟန် 6:44 - မြန်မာ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။- Common Language Bible ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲဆောင် တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကိုငါသည်နောက်ဆုံးသော နေ့၌သေခြင်းမှထမြောက်စေမည်။- Garrad Bible ငါ့ကိုစေလွှတ်တော်မူလိုက်သောခမည်းတော် သွေးဆောင်တော်မမူခဲ့လျှင် မည်သူမျှငါ့ထံမလာမရောက်နိုင်။ လာရောက်သူကို နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေမည်။ Judson Bible ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲငင်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကို နောက်ဆုံးသောနေ့၌ ငါသည်ထမြောက်စေမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကို စေလွှတ်တော်မူသောခမည်းတော် ဆွဲခေါ်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်။ ငါ့ထံသို့ လာသောသူကို နောက်ဆုံးသောနေ့တွင် သေရာမှ ငါထမြောက်စေမည်။ |
အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။-
ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။-
ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင် လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။-
အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်းအသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။-
အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟု လာသည်နှင့်အညီ၊ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ၏။-
ထိုကြောင့် ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှ ငါထံသို့မလာနိုင်ဟု အထက်က ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူမယုံကြည်သည်ကိုလည်းကောင်း၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကိုလည်းကောင်း၊ ယေရှုသည် အစအဦး၌ သိတော်မူ၏။
အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ဒေသနာကို နားမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။-