အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။-
ရှင်ယောဟန် 5:43 - မြန်မာ ငါသည်ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။- Common Language Bible ငါသည်ခမည်းတော်၏အခွင့်အာဏာနှင့် ရောက်ရှိလာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးတစ်ယောက် သည် ကိုယ်ပိုင်အခွင့်အာဏာနှင့်ရောက်ရှိလာ ပါမူ သင်တို့လက်ခံကြလိမ့်မည်။- Garrad Bible ခမည်းတော်၏နာမတော်နှင့်ငါရောက်လာသော် သင်တို့လက်မခံကြ။ ကိုယ့်နာမနှင့်အခြားသူ ရောက်လာလျှင် လက်ခံကြလိမ့်တကား။ Judson Bible ငါသည်ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ငါ့ခမည်းတော်၏နာမအားဖြင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိကိုယ်ပိုင်နာမအားဖြင့် ရောက်လာလျှင် ထိုသူကို သင်တို့လက်ခံကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ခမည်းတော်၏ အခွင့်နှင့် လာသော်လည်း သင်တို့သည် ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးသည် ကိုယ်ပိုင်အခွင့်နှင့် လာပါက သင်တို့သည် ထိုသူကို လက်ခံကြလိမ့်မည်။ |
အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။-
အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။-
ယေရှုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏။-
အို အဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တစ်ဖန် ချီးမြှောက်ဦးမည်ဟုလာ၏။-
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။-
သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့၌ မရှိသည်ကို ငါသိ၏။-
အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။-