သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲ နေကြ၏။-
ရှင်ယောဟန် 5:38 - မြန်မာ နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့သည် မယုံကြည်ဘဲနေကြ၏။ Common Language Bible ခမည်းတော်စေလွှတ်တော်မူသောသူကို မယုံကြည်ကြသဖြင့် နှုတ်ကပတ်တော်သည် သင်တို့၏စိတ်နှလုံးတွင်မကိန်းအောင်း။- Judson Bible နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့သည် မယုံကြည်ဘဲနေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူ၏နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်မရှိ။ အဘယ်ကြောင့်ဆိုသော် ခမည်းတော်စေလွှတ်တော်မူသောသူကို သင်တို့မယုံကြည်ကြသောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ခမည်းတော် စေလွှတ်တော်မူသောသူကို သင်တို့မယုံကြည်သောကြောင့် သူ၏နှုတ်ကပတ်တရားတော်သည်လည်း သင်တို့စိတ်နှလုံးတွင် မတည်။ |
သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲ နေကြ၏။-
သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည်တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။
သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌ တည်နေရာကို မရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှာ ရှာကြံကြ၏။-