ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတစ်ယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။-
ရှင်ယောဟန် 4:40 - မြန်မာ ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။- Common Language Bible သို့ဖြစ်၍သူတို့သည်ကိုယ်တော်၏ထံတော် သို့ရောက်ကြသောအခါ မိမိတို့ထံတွင် တည်းခိုတော်မူပါဟုလျှောက်ထားတောင်းပန် ကြ၏။ သခင်ယေရှုသည်ထိုအရပ်တွင်နှစ် ရက်မျှနေတော်မူ၏။ Garrad Bible သူတို့ထံတည်းနေတော်မူပါမည့်အကြောင်း တောင်းပန်ကြသဖြင့် နှစ်ရက်တည်းတော်မူရာ၊ Judson Bible ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ရှမာရိနယ်သားတို့သည် ကိုယ်တော်ထံသို့ရောက်လာကြသောအခါ မိမိတို့ထံ၌ တည်းခိုတော်မူရန် ကိုယ်တော်အားတောင်းပန်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်တွင် နှစ်ရက်တည်းခိုတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုရှမာရိလူမျိုးတို့သည် ယေရှုထံတော်သို့ ရောက်လာကြသောအခါ ယေရှုကို မိမိတို့၏မြို့တွင် တည်းခိုတော်မူရန် တောင်းပန်ကြ၏။ ထို့ကြောင့် ယေရှုသည် ထိုမြို့တွင် နှစ်ရက်တည်းခိုတော်မူ၏။ |
ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတစ်ယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။-
ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဉ့်ဦးယံအချိန် ရှိပြီ။ မိုးလည်းချုပ်ပါသည်ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှာ ဝင်တော်မူ၏။-
နတ်ဆိုးထွက်သွားသောသူသည် ကိုယ်တော်နှင့် အတူရှိပါမည်အကြောင်း တောင်းပန်လျှင်၊-
ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဖော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။-
နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။-