လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ၍ ဤသူသည် ဒါဝိဒ်၏သားတော် ဖြစ်လိမ့်မည်လောဟု ပြောဆိုကြ၏။-
ရှင်ယောဟန် 4:29 - မြန်မာ အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊- Common Language Bible ``ကျွန်မပြုခဲ့သမျှသောအမှုအရာများ အကြောင်းကိုပြောပြသူကိုလာ၍ကြည့်ကြ ပါ။ သူသည်ခရစ်တော်ပင်ဖြစ်လိမ့်မည်လော'' ဟုလူတို့အားဆို၏။- Garrad Bible ကျွန်မပြုခဲ့ဘူးသမျှဖော်ပြသူတစ်ပါးကို လာ၍ကြည့်ကြပါ။ ထိုသူသည်ခရစ်တော်မဟုတ်လောဟု မြို့သားတို့အားဆိုသော်၊ Judson Bible အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊- မြန်မာ့စံမီသမ္မာကျမ်း “ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့် ခေတ်သစ်မြန်မာ သမ္မာကျမ်း “ကျွန်မပြုခဲ့သမျှကို အကုန်အစင်ဖော်ပြနိုင်သောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်မည်လော” ဟု လူတို့အား ပြောလေ၏။ |
လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ၍ ဤသူသည် ဒါဝိဒ်၏သားတော် ဖြစ်လိမ့်မည်လောဟု ပြောဆိုကြ၏။-
မိန်းမကလည်း၊ မေရှိယကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကို ဖော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိယအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။-
ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဖော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။-
ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။-
လူအစုအဝေးထဲ၌ ပါသောလူအများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။