ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။-
ရှင်ယောဟန် 3:4 - မြန်မာ နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တစ်ဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။- Common Language Bible နိကောဒင်က ``အသက်ကြီးသောသူသည် အဘယ်သို့လျှင် တစ်ဖန်မွေးဖွားခြင်းကိုခံရ ပါမည်နည်း။ အမိဝမ်းသို့ပြန်၍ဝင်ပြီးလျှင် ဒုတိယအကြိမ်မွေးဖွားခြင်းကိုခံရပါ မည်လော'' ဟုလျှောက်၏။ Garrad Bible နိကောဒင်ကလည်း လူသည်ကြီးရင့်သည့်ကာလ မည်သို့ဖွားနိုင်အံ့သနည်း။ အမိဝမ်းထဲသို့တစ်ဖန်ဝင်ပြီးလျှင် ဖွားနိုင်သလောဟုမေးသော်၊ Judson Bible နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တစ်ဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။- မြန်မာ့စံမီသမ္မာကျမ်း နိကောဒင်ကလည်း “အသက်ကြီးသောသူသည် မည်ကဲ့သို့ မွေးဖွားခြင်းခံနိုင်မည်နည်း။ သူ့မိခင်၏ဝမ်းထဲသို့ နောက်တစ်ဖန်ဝင်၍ မွေးဖွားခြင်းကိုခံနိုင်ပါမည်လော”ဟု လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နိကောဒင်က “အသက်ကြီးသောသူသည် မည်သို့လျှင် မွေးဖွားခြင်းခံနိုင်ပါမည်နည်း။ သူသည် မိခင်ဝမ်းဗိုက်ထဲ ပြန်လည်ဝင်၍ အသစ်တစ်ဖန်မွေးဖွားခြင်းကို ခံနိုင်ပါမည်လော” ဟု မေးလျှောက်လေ၏။ |
ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။-
ယေရှုကလည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။-
ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ။-
တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနားခံနိုင်မည်နည်းဟု ဆိုကြ၏။-