ရှင်ယောဟန် 21:13 - မြန်မာ ယေရှုသည် လာ၍မုန့်နှင့် ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။- Common Language Bible သခင်ယေရှုသည်သူတို့ရှိရာသို့ကြွတော်မူ ၍မုန့်ကိုယူပြီးလျှင်သူတို့အားပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပေးတော်မူ၏။ Garrad Bible ယေရှုသည်မုန့်ကိုသွားယူ၍ တပည့်တော်တို့အားပေးကမ်းပြီးလျှင် ငါးကိုလည်းပေးကမ်းတော်မူ၏။ Judson Bible ယေရှုသည် လာ၍မုန့်နှင့် ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည်လာ၍ မုန့်ကိုယူပြီးလျှင် သူတို့အားပေးတော်မူ၏။ ငါးကိုလည်း ထိုနည်းတူပေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် မုန့်နှင့် ငါးကို တပည့်တော်တို့အား ဝေပေးတော်မူ၏။ |
ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကိုလည်းကောင်း၊ ကင်ထားသောငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့မြင်ကြ၏။-
ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများလိုချင်သမျှ ဝေငှကြ၏။-
မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏။-