တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။-
ရှင်ယောဟန် 20:6 - မြန်မာ ရှိမုန်ပေတရုသည်နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကိုလည်းကောင်း၊- Common Language Bible သူ၏နောက်ကလိုက်လာသူရှိမုန်ပေတရု သည်လည်းရောက်လာပြီးနောက်ဂူထဲသို့ဝင် ရာပိတ်များကျန်ရစ်ခဲ့သည်ကိုလည်းကောင်း၊- Garrad Bible ရှိမုန်ပေတရုသည် နောက်ထပ်ရောက်သော် သင်္ချိုင်းဂူတော်ထဲသို့ဝင်၍ ပိတ်ထည်များနေရစ်သည်ကိုလည်းကောင်း၊ Judson Bible ရှိမုန်ပေတရုသည်နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကိုလည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ နောက်မှလိုက်လာသော ရှိမုန်ပေတရုသည်လည်းရောက်လာ၍ သင်္ချိုင်းဂူထဲသို့ဝင်ပြီးလျှင် ပိတ်ထည်များရှိနေသည်ကိုလည်းကောင်း၊ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် သူ၏နောက်မှ လိုက်လာသော ရှိမုန်ပေတရုသည် ရောက်လာ၍ ဂူထဲသို့ ဝင်သော် ပိတ်ချောထည်များ ရှိနေသည်ကိုလည်းကောင်း၊ |
တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။-
ခေါင်းတော်၌ရှိသောပဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီ လိပ်လျက်ရှိသည်ကိုလည်းကောင်း မြင်လေ၏။-
ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအား ပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။-