ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားတို့၏အမိ ပါကြသတည်း။
ရှင်ယောဟန် 20:18 - မြန်မာ မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကိုလည်းကောင်း၊ ထိုသို့မိန့်တော်မူသည်ကိုလည်းကောင်း၊ တပည့်တော်တို့အား ကြားပြောလေ၏။ Common Language Bible သို့ဖြစ်၍မာဂဒလမြို့သူမာရိသည်တပည့် တော်တို့ထံသွား၍သခင်ဘုရားကိုမိမိတွေ့ မြင်ခဲ့ကြောင်းနှင့်ကိုယ်တော်မည်သို့မိန့်ကြား တော်မူလိုက်ကြောင်းကိုပြောပြ၏။ Garrad Bible မာဂဒလမာရိသည် တပည့်တော်တို့ထံသွား၍ အရှင်ဘုရားအားဖူးမြင်ရကြောင်းကိုလည်းကောင်း၊ ထိုသို့မိန့်တော်မူကြောင်းကိုလည်းကောင်း ကြားပြောလေ၏။ Judson Bible မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကိုလည်းကောင်း၊ ထိုသို့မိန့်တော်မူသည်ကိုလည်းကောင်း၊ တပည့်တော်တို့အား ကြားပြောလေ၏။ မြန်မာ့စံမီသမ္မာကျမ်း မာဂဒလမြို့သူမာရိသည် သွား၍ “သခင်ဘုရားကို ကျွန်မတွေ့မြင်ခဲ့ပြီ”ဟု တပည့်တော်တို့အားဆိုပြီးလျှင် မိမိအားမိန့်မှာတော်မူသောအရာများကိုပြောကြားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မာဂဒလမာရိသည် သွား၍ “သခင့်ကို ငါမြင်ခဲ့ရပြီ” ဟု တပည့်တော်တို့ကို ဆိုပြီးလျှင် ယေရှုမှာကြားတော်မူသောအရာများကို ပြောပြလေ၏။ |
ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားတို့၏အမိ ပါကြသတည်း။
ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်းငှာ ဤသတင်းစကားကို ကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကို တွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား၊ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏ အမိဖြစ်သောမာရိမှစ၍ အခြားသောမိန်းမများ ဖြစ်သတည်း။-
ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။-
ခုနစ်ရက်တွင် ပထမနေ့ရက်၊ မိုးမလင်းမီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကို မြင်လျှင်၊-