ထိုမှတစ်ပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တစ်ယောက်ကို စေလွှတ်၍၊ ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရပါပြီဟု မှာလိုက်၏။-
ရှင်ယောဟန် 19:4 - မြန်မာ ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟု ဆို၏။- Common Language Bible ပိလတ်မင်းသည်အပြင်သို့တစ်ဖန်ထွက်ပြီး လျှင်ပရိသတ်တို့အား ``ထိုသူကိုသေဒဏ်ပေး နိုင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့ ကြောင်း သင်တို့သိရှိကြစေရန်သူ့အားသင် တို့ထံသို့ငါထုတ်ခဲ့မည်'' ဟုဆို၏။- Garrad Bible ထိုနောက်ပိလတ်မင်းထွက်ပြန်၍ ကြည့်လော့။ ဤသူ၌ပြစ်မှုကိုငါမတွေ့ကြောင်း သင်တို့သိစေခြင်းငှါ သင်တို့ရှေ့ငါထုတ်ပြပြီဟုဆိုသည့်အတိုင်း၊ Judson Bible ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟု ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ပိလတ်မင်းသည် နောက်တစ်ဖန် အပြင်သို့ထွက်လာ၍ “နားထောင်ကြလော့။ ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိမြင်ရန် သူ့ကို သင်တို့ရှိရာသို့ခေါ်ဆောင်လာမည်”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပိလတ်မင်းသည် အပြင်သို့ တစ်ဖန်ထွက်လာ၍ “ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိစေရန် သူ့ကို သင်တို့ထံ ခေါ်လာမည်” ဟု ဆို၏။ |
ထိုမှတစ်ပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တစ်ယောက်ကို စေလွှတ်၍၊ ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရပါပြီဟု မှာလိုက်၏။-
ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။-
အကျွန်ုပ် ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊-
ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကို မြင်လျှင် အလွန်ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။-
ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့အား ပြောဆိုလျှင်၊-
ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊-
ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။-
ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့ တစ်ဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။-
ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တစ်ဖန် ယုဒလူတို့ရှိရာသို့ထွက်၍၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။
ယဇ်ပုရောဟိတ်အကြီးတို့နှင့် လုလင်များတို့က၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ။ ငါသည် သူ၌အပြစ်ကို မတွေ့ဟုဆိုလျှင်၊-