တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှာ အခွင့်ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီ စေလွှတ်တော်မူ၍၊-
ရှင်ယောဟန် 17:22 - မြန်မာ ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည် သူတို့၌ရှိ၍၊- Common Language Bible ကိုယ်တော်နှင့်အကျွန်ုပ်သည်တစ်လုံးတစ်ဝ တည်းဖြစ်သကဲ့သို့ထိုသူတို့သည်လည်းဖြစ် ကြစေရန် အကျွန်ုပ်သည်ကိုယ်တော်ပေးတော် မူသောဘုန်းအသရေတော်ကိုသူတို့အား ပေးပါပြီ။- Garrad Bible အကျွန်ုပ်တို့သည်တစ်လုံးတစ်ဝတည်းဖြစ်သည့်နည်းတူ သူတို့လည်း တစ်လုံးတစ်ဝတည်းဖြစ်လျက် သူတို့၌ အကျွန်ုပ်တည်ခြင်း၊ အကျွန်ုပ်၌ ကိုယ်တော်တည်ခြင်းဖြင့် တစ်လုံးတစ်ဝတည်းအဖြစ်သို့ စုံလင်စွာရောက်ကြ၍ အကျွန်ုပ်ကို ကိုယ်တော်စေလွှတ်တော်မူလိုက်ကြောင်းနှင့် အကျွန်ုပ်အား မေတ္တာသက်သည့်နည်းတူ ထိုသူတို့အားသက်တော်မူကြောင်းများကို လောကသားတို့သိကြစေရန် သနားတော်မူသောဘုန်းကို ထိုသူတို့သို့ပေးပါပြီ။ Judson Bible ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည် သူတို့၌ရှိ၍၊- မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူတို့သည်လည်း တစ်လုံးတစ်ဝတည်းဖြစ်ကြစေရန် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောဘုန်းအသရေတော်ကို သူတို့အားအကျွန်ုပ်ပေးပါပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်တို့သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည်လည်း တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောဘုန်းအသရေကို သူတို့အား ပေးပါပြီ။ |
တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှာ အခွင့်ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီ စေလွှတ်တော်မူ၍၊-
သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သော အခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတစ်ဆယ်နှစ်မျိုးကို အုပ်စိုးရသော အခွင့်ကိုလည်းကောင်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။-
နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။-
ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။-
ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိသည်ကိုလည်းကောင်း၊ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။-
အို အဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသောဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှာ အကျွန်ုပ်အလိုရှိပါ၏။-