ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်။-
ရှင်ယောဟန် 17:20 - မြန်မာ ထိုသူတို့အဖို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဖို့ကိုလည်း ဆုတောင်းပါ၏။- Common Language Bible ``အကျွန်ုပ်သည်ထိုသူတို့အတွက်သာလျှင် ဆုတောင်းသည်မဟုတ်ပါ။ သူတို့ဟောပြော ချက်ကြောင့်အကျွန်ုပ်ကိုယုံကြည်လာသူများ အတွက်လည်းဆုတောင်းပါ၏။- Garrad Bible ဤသူတို့အဖို့သာမဟုတ်ပါ။ သူတို့ဟောခြင်းအားဖြင့် အကျွန်ုပ်ကိုယုံကြည်သူတို့အဖို့လည်း တောင်းလျှောက်ပါ၏။ Judson Bible ထိုသူတို့အဖို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဖို့ကိုလည်း ဆုတောင်းပါ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့အတွက်သာမကဘဲ သူတို့ဟောပြောသောသတင်းစကားအားဖြင့် အကျွန်ုပ်ကိုယုံကြည်လာသောသူများအတွက်လည်း အကျွန်ုပ်တောင်းလျှောက်ပါ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်သည် ဤတပည့်တော်တို့အတွက်သာ ဆုတောင်းသည်မဟုတ်ပါ။ သူတို့၏ ဟောပြောခြင်းအားဖြင့် နောင်တွင် အကျွန်ုပ်ကို ယုံကြည်လာကြမည့် သူတို့အတွက်လည်း ဆုတောင်းပါ၏။ |
ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်။-
သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဖို့အလိုငှာ ကိုယ်ကို သန့်ရှင်းစေပါ၏။
ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းငှာ ဆုတောင်းပါ၏။-