သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။-
ရှင်ယောဟန် 17:15 - မြန်မာ ဤသူတို့ကို ဤလောကမှ နုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည် မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။- Common Language Bible သူတို့အားဤလောကမှနုတ်ယူတော်မူရန် အကျွန်ုပ်တောင်းလျှောက်သည်မဟုတ်ပါ။ သူတို့ သည်မာရ်နတ်၏ဘေးမှကင်းလွတ်မည့်အကြောင်း စောင့်ထိန်းတော်မူရန်ကိုသာတောင်းလျှောက်ပါ၏။- Garrad Bible သူတို့ကို ဤလောကထဲမှနုတ်ယူတော်မူရန်မဟုတ်ပါ။ အဆိုးမှကွယ်ကာတော်မူရန်တောင်းလျှောက်ပါ၏။ Judson Bible ဤသူတို့ကို ဤလောကမှ နုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည် မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့ကို ဤလောကထဲမှ နုတ်ယူတော်မူရန်မဟုတ်ဘဲ မကောင်းသောအရာမှ ကာကွယ်စောင့်ရှောက်တော်မူရန် အကျွန်ုပ်တောင်းလျှောက်ပါ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့ကို ဤလောကမှ နုတ်ယူတော်မူရန် အကျွန်ုပ်တောင်းလျှောက်သည် မဟုတ်ပါ။ သို့ရာတွင် သူတို့ကို မာရ်နတ်၏ လက်မှ လွတ်ကင်းရန်ကိုသာ အကျွန်ုပ်တောင်းလျှောက်ပါ၏။ |
သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။-
အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင် ဟု ဆုတောင်းကြလော့။-
အကျွန်ုပ်တို့ကို ပြစ်မှားသောသူရှိသမျှတို့၏ အပြစ်ကို အကျွန်ုပ်တို့သည်လွှတ်သောကြောင့်၊ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါဟု ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။
သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှာ ငါသည် သင့်အဖို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊-