ထိုသို့ ဆုတောင်းပြီးမှ၊ ယေရှုသည်ထ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ၊ သူတို့သည် ဝမ်းနည်းသောစိတ်ရှိသည်နှင့် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊-
ရှင်ယောဟန် 16:6 - မြန်မာ ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည် အလွန်ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။ Common Language Bible ဤအကြောင်းအရာများကိုငါပြောကြား သဖြင့် သင်တို့သည်စိတ်ညှိုးငယ်လျက်ရှိ ကြ၏။- Garrad Bible ဤသို့ငါဟောသောကြောင့် ပူဆွေးခြင်းနှင့်သင်တို့စိတ်နှလုံးပြည့်ကြသည်တကား။ Judson Bible ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည် အလွန်ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဤအကြောင်းအရာများကို သင်တို့အား ငါပြောသောကြောင့် သင်တို့စိတ်နှလုံးသည် ဝမ်းနည်းခြင်းနှင့် ပြည့်လျက်ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မမေးသည့်အပြင် ဤအကြောင်းအရာများကို ငါပြောသောကြောင့် သင်တို့အလွန်ဝမ်းနည်းပူဆွေးကြ၏။ |
ထိုသို့ ဆုတောင်းပြီးမှ၊ ယေရှုသည်ထ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ၊ သူတို့သည် ဝမ်းနည်းသောစိတ်ရှိသည်နှင့် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊-
ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်း ဆွေးနွေးသောစကားကား၊ အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင်၊-
တစ်ဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။-