ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတစ်ယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။-
ရှင်ယောဟန် 11:19 - မြန်မာ မာသနှင့် မာရိတို့၏မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှာ ယုဒလူများတို့သည် လာကြ၏။- Common Language Bible ယုဒအမျိုးသားအမြောက်အမြားပင် မာရိနှင့်မာသတို့၏မောင်သေဆုံးသော ကြောင့်သူတို့ကိုနှစ်သိမ့်ရန်လာရောက်ကြ ၏။ Garrad Bible ယုဒလူမျိုးအများတို့သည် မာသနှင့်မာရိတို့ထံ မောင်နှင့်စပ်၍နှစ်သိမ့်စေရန်ရောက်လာကြ၏။ Judson Bible မာသနှင့် မာရိတို့၏မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှာ ယုဒလူများတို့သည် လာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း များစွာသောဂျူးလူမျိုးတို့သည် မာသနှင့်မာရိတို့ကို သူတို့၏မောင်အတွက်နှစ်သိမ့်ရန် သူတို့ထံသို့ရောက်နေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးလူမျိုးများစွာသည်လည်း မောင်ဖြစ်သူကို ဆုံးရှုံးသော မာသနှင့်မာရိတို့ကို နှစ်သိမ့်ရန် လာကြ၏။ |
ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတစ်ယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။-
မာရိမူကား၊ ကောင်းသောအဖို့ကို ရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှ မနုတ်မယူရာဟု မိန့်တော်မူ၏။
ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊-
ညီအစ်မ မာရိနှင့် မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတစ်ယောက်သည် နာလျက်နေလေ၏။-
ထိုကြောင့် နှစ်သိမ့်သောစကားကိုပြောလျက် မာရိနှင့်အတူ အိမ်၌ရှိသော ယုဒလူတို့သည် မာရိအလျင် တဆောထ၍ထွက်သွားသည်ကို မြင်ကြလျှင်၊ ငိုကြွေးခြင်းငှာ သင်္ချိုင်းသို့သွားပြီဟုဆို၍ သူ့နောက်သို့လိုက်ကြ၏။-
မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊-
ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။-
ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။-
တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည် ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှာ ရှာကြံလျက်ပင် ထိုအရပ်သို့ တစ်ဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။-