ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။-
ရှင်ယောဟန် 10:31 - မြန်မာ ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ တစ်ဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။- Common Language Bible ထိုအခါလူတို့သည်ကိုယ်တော်ကိုပေါက်ရန် ခဲများကိုကောက်ပြန်၏။- Garrad Bible ယုဒလူမျိုးတို့သည် ကိုယ်တော်ကိုပစ်ခတ်ရန် ခဲကောက်ကြပြန်သော်၊ Judson Bible ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ တစ်ဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို ခဲနှင့်ပေါက်သတ်ရန် ကျောက်ခဲတို့ကိုကောက်ယူကြပြန်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဂျူးတို့သည် ကိုယ်တော်ကို ပေါက်သတ်ရန် ကျောက်ခဲများကို ကောက်ကြပြန်၏။ |
ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။-
ထိုသူတို့သည် ငယ်သားများကို ဖမ်းပြီးလျှင် တစ်ဦးကိုရိုက်၍၊ တစ်ဦးကိုသတ်၍၊ တစ်ဦးကို ခဲနှင့် ပစ်ကြ၏။-
ထိုကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏အကြား၌ သင်တို့သတ်ကြသော ဗာရခိသား ဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော်ကောင်းတို့၏ အသွေးသည် သင်တို့ ခေါင်းပေါ်သို့ရောက်လိမ့်မည်။-
ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊-
ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြ၏။-
ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊-
တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည် ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှာ ရှာကြံလျက်ပင် ထိုအရပ်သို့ တစ်ဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။-
သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှာ သာ၍ရှာကြံကြ၏။
ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည်တိမ်းရှောင်၍ ထိုသူတို့အလယ်၌ လျှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။