ထိုအခါ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။-
ရှင်မာကု 9:8 - မြန်မာ ထိုခဏချင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင်၊ မိမိတို့နှင့်အတူ ယေရှုတစ်ယောက်တည်းမှတစ်ပါး အဘယ်သူကိုမျှ မမြင်ကြ။ Common Language Bible ထိုအခါတပည့်တော်တို့သည်မိမိတို့ပတ်လည် သို့လှည့်ကြည့်ကြသော်လည်း သခင်ယေရှုမှတစ် ပါးအခြားမည်သူ့ကိုမျှမတွေ့ရကြတော့ပေ။ Garrad Bible တ ပည့် တော် တို့ သည် ရုတ် တ ရက် လှည့် ကြည့် သော် သူ တို့ နှင့် အ တူ ယေ ရှု တစ် ပါး တည်း ပြင် မည် သူ့ ကို မျှ ထပ် မံ၍ မ မြင် ချေ။ Judson Bible ထိုခဏချင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင်၊ မိမိတို့နှင့်အတူ ယေရှုတစ်ယောက်တည်းမှတစ်ပါး အဘယ်သူကိုမျှ မမြင်ကြ။ မြန်မာ့စံမီသမ္မာကျမ်း ထိုခဏချင်းတွင် သူတို့သည် ပတ်ပတ်လည်သို့ကြည့်လိုက်သော် ယေရှုတစ်ပါးတည်းသာ မိမိတို့နှင့်အတူရှိသည်ကိုတွေ့မြင်၍ အခြားမည်သူ့ကိုမျှ မတွေ့မြင်ကြတော့ချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရုတ်တရက် တပည့်တော်တို့သည် ဘေးပတ်လည်သို့ ကြည့်သော် သူတို့နှင့်အတူ ယေရှုမှလွဲ၍ မည်သူ့ကိုမျှ မမြင်ကြတော့ပေ။ |
ထိုအခါ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။-
တောင်ပေါ်မှ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။-
သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။-
ထိုအသံတော်ဖြစ်သည် ခဏချင်းတွင်၊ ယေရှုသည် တစ်ယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့သည် မိမိတို့မြင်သောအရာကို ဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှ မကြားမပြောဘဲနေကြ၏။