ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ရှင်မာကု 9:1 - မြန်မာ ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ ရှိသောသူ အချို့တို့သည် မမြင်မီသေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားတန်ခိုးအာဏာနှင့်တကွ ဘုရား သခင်၏နိုင်ငံတော်တည်သည်ကိုမမြင်မီ ဤ အရပ်ရှိလူအချို့တို့သည်မသေရကြ'' ဟု မိန့်တော်မူ၏။ Garrad Bible ကိုယ် တော် က လည်း ဤ တွင် ရပ် နေ သူ အ ချို့ သည် တန် ခိုး နှင့် တ ကွ ဘု ရား သ ခင့် နိုင် ငံ တော် တည် သည် ကို မ မြင် မီ အ လျှင်း မ သေ ရ။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။ Judson Bible ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ ရှိသောသူ အချို့တို့သည် မမြင်မီသေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်က“သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ရပ်နေသောသူတို့တွင် တန်ခိုးနှင့်ပေါ်ထွန်းလာသော ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်မီ သေခြင်းကိုမမြည်းစမ်းရသောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးတော်နှင့်တကွ ပေါ်ထွန်းလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။ |
ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။-
လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊-
ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။-
ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။-
ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။-
သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သော အခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတစ်ဆယ်နှစ်မျိုးကို အုပ်စိုးရသော အခွင့်ကိုလည်းကောင်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။-
ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်မီ သေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။
ထိုစကားတော်ကိုထောက်လျှင်၊ ညီအစ်ကိုတို့က၊ ထိုတပည့်တော်သည် မသေရဟု အနှံ့အပြား ပြောဆိုကြ၏။ သို့သော်လည်း ထိုသူသည်မသေရဟု ယေရှုမိန့်တော်မူသည် မဟုတ်။ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှာ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ဆိုင်သနည်းဟု မိန့်တော်မူသတည်း။