လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။-
ရှင်မာကု 7:4 - မြန်မာ ဈေးမှ ပြန်လာသောအခါ၌လည်း ဆေးခြင်းမပြုဘဲ စားလေ့မရှိ။ ထိုမှတစ်ပါး၊ ခွက်၊ ဖလား၊ ကြေးဝါပန်းကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍ အခြားသောထုံးတမ်းများကို ခံယူ၍ ကျင့်လေ့ရှိ၏။- Common Language Bible စျေးမှဝယ်ယူသည့်အရာအားလုံးကိုမဆေး မကြောရလျှင်မစားကြ။ အိုး၊ ခွက်၊ ကြေးဖလား နှင့်ခုတင်များကိုဆေးကြောနည်းမှစသောထုံး တမ်းစဉ်လာများကို သူတို့သည်လိုက်နာကျင့်သုံး ကြ၏။) Garrad Bible ဈေး မှ ပြန် လာ သည့် အ ခါ လည်း ရေ မ ချိုး ဘဲ စား လေ့ မ ရှိ။ ၎င်း ပြင် အိုး၊ ခွက်၊ ဖ လား များ ကို ဆေး ကြော နည်း မှ စ၍ ခံ ယူ စွဲ မြဲ သော နည်း အ များ ရှိ သေး ၏။ Judson Bible ဈေးမှ ပြန်လာသောအခါ၌လည်း ဆေးခြင်းမပြုဘဲ စားလေ့မရှိ။ ထိုမှတစ်ပါး၊ ခွက်၊ ဖလား၊ ကြေးဝါပန်းကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍ အခြားသောထုံးတမ်းများကို ခံယူ၍ ကျင့်လေ့ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဈေးအရပ်မှ ပြန်လာသောအခါတွင်လည်း မိမိတို့ကိုယ်ကိုမဆေးကြောဘဲ အစာစားလေ့မရှိကြ။ ထို့ပြင် အိုး၊ ခွက်၊ ကြေးပန်းကန်နှင့် ခုတင်တို့ကို ဆေးကြောခြင်းနှင့်ပတ်သက်၍ သူတို့ခံယူကျင့်သုံးရန် ဆက်ခံထားသော အခြားဓလေ့ထုံးတမ်းများစွာရှိကြ၏။) ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ဈေးမှ ပြန်လာသောအခါ၌လည်း လက်ကို မဆေးကြောဘဲ စားလေ့မရှိကြ။ ထို့ပြင် ခွက်၊ ကရားနှင့် ကြေးဖလားတို့ကို ဆေးကြောခြင်းအစဉ်အလာစသည့် အခြားသော ဓလေ့ထုံးတမ်းများလည်း ရှိ၏။) |
လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။-
မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။-
ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။-
အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျက်၊ ထိုသို့သော အခြား အကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။-
ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဖို့အလိုငှာ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။-
ထိုအခါ ယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့် ဆွေးနွေးငြင်းခုံခြင်းရှိကြသဖြင့်၊-