စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။-
ရှင်မာကု 7:29 - မြန်မာ ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့်တော်မူ၏။- Common Language Bible ထိုအခါကိုယ်တော်က ``သင်ဤသို့လျောက်ပတ်စွာ လျှောက်ထားသည့်အတွက်ကြောင့်အိမ်သို့ပြန်လော့။ နတ်မိစ္ဆာသည်သင့်သမီးထံမှထွက်ခွာသွားလေ ပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible ထို အ ခါ ကိုယ် တော် က ဤ စ ကား ကြောင့် သွား တော့၊ သင့် သ မီး မှ နတ် ထွက် ခွာ ပြီ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ဤစကားကြောင့် သင်ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထဲမှ ထွက်သွားလေပြီ”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “ဤသို့ သင့်လျော်စွာ ဆိုသောကြောင့် ယခု သင်အိမ်သို့ ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထံမှ ထွက်သွားပြီ” ဟု မိန့်တော်မူ၏။ |
စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။-
မိန်းမကလည်း မှန်ပါ၏သခင်။ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်ဟု ပြန်၍ လျှောက်လျှင်၊-
ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုး ထွက်သွားသည်ကိုလည်းကောင်း၊ သမီးသည် အိပ်ရာ၌ အိပ်လျက်ရှိသည်ကိုလည်းကောင်း တွေ့၏။