မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။-
ရှင်မာကု 5:9 - မြန်မာ ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည် ရှိသနည်းဟု မေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊- Common Language Bible ကိုယ်တော်က ``သင်၏နာမည်ကားအဘယ်နည်း'' ဟုမေး၏။ ထိုသူက ``အကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များသောကြောင့် အကျွန်ုပ်တို့ကိုလေဂေါင်ဟု ခေါ်ပါသည်'' ဟုပြန်၍လျှောက်ထားပြီးနောက်၊- Garrad Bible သင့် အ မည် ကား မည် သူ နည်း ဟု မေး တော် မူ သော် အ ကျွန်ုပ် တို့ များ ပြား သ ဖြင့် သောင်း တပ် ခေါ် ပါ သည် ဟု လျှောက် ဆို ပြီး နောက်၊ Judson Bible ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည် ရှိသနည်းဟု မေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကိုယ်တော်က“သင့်နာမည် မည်သို့ခေါ်သနည်း”ဟု မေးတော်မူရာ ထိုသူက “အကျွန်ုပ်၏နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် များစွာရှိကြသောကြောင့်ဖြစ်၏”ဟု လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင့်နာမည် မည်သို့ခေါ်သနည်း” ဟု မေးလျှင် ထိုသူက “အကျွန်ုပ်၏ နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဤလူအထဲ၌ အကျွန်ုပ်တို့သည် များစွာရှိနေသောကြောင့်ဖြစ်သည်” ဟု ပြန်လျှောက်၏။ |
မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။-
ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည်မထင်သလော။-
အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။-
လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။-
ယေရှုကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများ စွဲသောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ၊-