ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကို ဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှာ အဘယ်သူမျှ မတတ်နိုင်။-
ရှင်မာကု 5:5 - မြန်မာ နေ့ညမပြတ် သင်္ချိုင်းတစပြင်၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း၊ ဟစ်ကြော်လျက်၊ ကျောက်ဇောင်းနှင့် ကိုယ်ကိုရှစေလျက် နေတတ်၏။- Common Language Bible သူသည်သင်္ချိုင်းဂူများအကြားတွင်လည်းကောင်း၊ တောင်ကုန်းများအထက်တွင်လည်းကောင်းနေ့ည မပြတ်ဟစ်အော်လျက် မိမိကိုယ်ကိုကျောက်စောင်း များဖြင့်အနာတရဖြစ်စေ၏။ Garrad Bible ဂူ များ၊ တောင် များ တွင် နေ့ ညဉ့် မ ပြတ် အော် ဟစ် လျက် ကျောက် စောင်း များ နှင့် ကိုယ် ကို တိုက် ရှ လျက် ရှိ နေ တတ်၏။ Judson Bible နေ့ညမပြတ် သင်္ချိုင်းတစပြင်၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း၊ ဟစ်ကြော်လျက်၊ ကျောက်ဇောင်းနှင့် ကိုယ်ကိုရှစေလျက် နေတတ်၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် သင်္ချိုင်း၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း နေ့ညမပြတ်အော်ဟစ်လျက် ကျောက်တုံးများဖြင့် မိမိကိုယ်ကိုအနာတရဖြစ်စေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် နေ့ညမပြတ် သင်္ချိုင်းဂူများ၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ လှည့်လည်၍ အော်ဟစ်လျက် ကျောက်စောင်းများဖြင့် မိမိကိုယ်ကို ရှစေလျက်နေ၏။ |
ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကို ဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှာ အဘယ်သူမျှ မတတ်နိုင်။-
သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူ ဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်း ဖြစ်၏။-