ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။-
ရှင်မာကု 5:14 - မြန်မာ ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။- Common Language Bible ဝက်ထိန်းများသည်ထွက်ပြေးကြ၏။ မြို့နှင့် ကျေးလက်တောရွာများတွင်ထိုအဖြစ်အပျက် အကြောင်းအရာများကိုအနှံ့အပြားပြော ကြားကြ၏။ လူတို့သည်ဖြစ်ပျက်ပုံကိုသိလို ၍လာရောက်ကြည့်ရှုကြ၏။- Garrad Bible ဝက် ကျောင်း တို့ လည်း ထွက် ပြေး၍ မြို့ ရွာ များ၌ သ တင်း ကြား ပြော ကြ သည့် ကာ လ အ ဖြစ် အ ပျက် များ ကို သိ မြင် ရန် ထွက် လာ သူ တို့ သည်၊ Judson Bible ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဝက်ထိန်းကျောင်းသောသူတို့သည် ထွက်ပြေး၍ မြို့နှင့်တောရွာများတွင် ပြောကြားကြသဖြင့် လူတို့သည် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုကြည့်ရှုရန် ထွက်လာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဝက်ကျောင်းသောသူတို့သည် ပြေး၍ ထိုသတင်းကို မြို့ရွာတို့တွင် ပြောပြကြ၏။ ထို့ကြောင့် လူတို့က မည်သို့ဖြစ်ပျက်သည်ကို ကြည့်ရန် ထွက်လာကြ၏။ |
ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။-
ဝက်ကျောင်းသော သူတို့သည်လည်း ပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ နတ်ဆိုးစွဲသောသူတို့၏ အကြောင်းမှစ၍ ဖြစ်လေသမျှတို့ကို ကြားပြောကြသော်၊-
ယေရှုသည် ချက်ချင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။-
အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။-
ဝက်ကျောင်းသောသူတို့သည် ထိုအခြင်းအရာကို မြင်လျှင်ပြေး၍ မြို့ရွာတို့၌ သတင်းကြားပြောကြသော်၊-