ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တစ်ခွန်းကိုမျှ ပြန်တော်မမူ။-
ရှင်မာကု 15:3 - မြန်မာ ယဇ်ပုရောဟိတ်အကြီးတို့သည် များစွာသောအပြစ်ကို တင်ကြ၏။- Common Language Bible ယဇ်ပုရောဟိတ်ကြီးတို့သည်ကိုယ်တော်အပေါ် အပြစ်များစွာစွပ်စွဲကြ၏။- Garrad Bible ထို နောက် ပ ရော ဟိတ် ကြီး တို့ သည် အ ပြစ် များ စွာ စွဲ ဆို ကြ သည့် ကာ လ၊ Judson Bible ယဇ်ပုရောဟိတ်အကြီးတို့သည် များစွာသောအပြစ်ကို တင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ကိုယ်တော်ကို အမျိုးမျိုးစွပ်စွဲကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များသည် ယေရှုကို ပြစ်ချက်များစွာနှင့် စွပ်စွဲကြ၏။ |
ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တစ်ခွန်းကိုမျှ ပြန်တော်မမူ။-
ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။-
တစ်ဖန် ပိလတ်မင်းက၊ သင်သည် တစ်ခွန်းကိုမျှပြန်၍ မပြောသလော။ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊-
ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။