မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။-
ရှင်မာကု 12:9 - မြန်မာ သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။- Common Language Bible ``ထိုအခါဥယျာဉ်ရှင်သည်အဘယ်သို့ပြုလိမ့် မည်နည်း။ သူသည်လာ၍ခြံသမားများကို သုတ်သင်ဖျက်ဆီးပြီးသော် စပျစ်ဥယျာဉ်ကို အခြားသူတို့အားပေးအပ်လိမ့်မည်။ Garrad Bible သို့ ဖြစ် လျှင် ဥ ယျာဉ့် ရှင် သည် မည် သို့ ပြု မည် နည်း။ ဥ ယျာဉ် သ မား တို့ ကို လာ၍ ဖျက် ဆီး ပြီး မှ သူ တ ထူး တို့ အား စ ပျစ် ဥ ယျာဉ် ကို လွှဲ အပ် လိမ့် မည်။ Judson Bible သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုမည်နည်း။ သူသည်လာ၍ ခြံသမားတို့ကိုအဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အားပေးလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုလိမ့်မည်နည်း။ သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားများအား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်။ |
မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။-
အသီးသီးချိန် ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှာ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေလွှတ်လေ၏။-
ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကို သီးအံ့သောလူမျိုးအား ပေးရလတ္တံ့။-
ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။
တိုက်ကို တည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့် အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။-
ထိုမှတစ်ပါး ငါ၏အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြဟု စီရင်တော်မူသည်ဟု မိန့်တော်မူ၏။