မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော်တင်ရာခုံ ဖြစ်သတည်း။ ယေရုရှလင်မြို့ကို တိုင်တည်၍ မကျိန်ရ။ မဟာမင်းကြီး၏မြို့တော် ဖြစ်သတည်း။-
ရှင်မာကု 12:36 - မြန်မာ ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း။- Common Language Bible `သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါရောက်စေမည်။ သို့မရောက်စေသေးမီကာလအတွင်း ငါ၏လက်ယာဘက်တွင်ထိုင်နေလော့ဟု ထာဝရဘုရားကငါ့အရှင်အားမိန့်တော်မူ၏' ဟုသန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက် ဖြင့်ဒါဝိဒ်မင်းမြွက်ဆိုခဲ့၏။ Garrad Bible ထာ ဝ ရ ဘု ရား က သင်၏ ရန် သူ တို့ ကို သင့် ခြေ အောက် ငါ မ ချ မီ အ တွင်း ငါ့ လက်ျာ ဘက် မှာ စံ နေ လော့ ဟူ၍ ငါ့ အ ရှင် ဘု ရား အား မိန့် တော် မူ ကြောင်း သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဒါ ဝိဒ် ကိုယ် တိုင် မြွက် ဆို ၏။ Judson Bible ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်ကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ‘ထာဝရဘုရားသည် ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထား၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒါဝိဒ်မင်းကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့် ပြောသောစကားမှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်ကို “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါ့သည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။ |
မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော်တင်ရာခုံ ဖြစ်သတည်း။ ယေရုရှလင်မြို့ကို တိုင်တည်၍ မကျိန်ရ။ မဟာမင်းကြီး၏မြို့တော် ဖြစ်သတည်း။-