အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အစ်ကိုအမျိုးမပြတ် ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။-
ရှင်မာကု 12:20 - မြန်မာ ညီအစ်ကိုခုနစ်ယောက် ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေလျှင်၊- Common Language Bible အခါတစ်ပါး၌ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုကြီးသည်အိမ်ထောင်ကျသော်လည်းသား သမီးမရဘဲ၊- Garrad Bible ညီ အစ် ကို ခုနစ် ယောက် ရှိ ဘူး ပါ သည်။ ပ ဌ မ လူ သည် မ ယား ယူ၍ သား မ ရှိ ဘဲ သေ သော် ဒု တိ ယ လူ သည် မု ဆိုး မ ကို သိမ်း ပိုက် လျက် သား မ ရှိ ဘဲ သေ ပြန် ပါ သည်။ ထို နည်း တူ တ တိ ယ လူ မှ စ ၍၊ Judson Bible ညီအစ်ကိုခုနစ်ယောက် ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် မိန်းမယူပြီး မျိုးဆက်မထားခဲ့ဘဲ သေဆုံးသွားပါသည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ခါက ညီအစ်ကို ခုနစ်ဦးရှိရာ အစ်ကိုကြီးသည် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုပြီး သားသမီးမထွန်းကားဘဲ ကွယ်လွန်၏။ |
အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အစ်ကိုအမျိုးမပြတ် ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။-