ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။-
ရှင်မာကု 12:1 - မြန်မာ ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍၊ အခြားသောပြည်သို့ သွားလေ၏။- Common Language Bible ထိုနောက်ကိုယ်တော်သည်သူတို့အား ပုံဥပမာ ဆောင်၍မိန့်ကြားတော်မူ၏။ ကိုယ်တော်က ``လူ တစ်ယောက်သည်စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍ ခြံဝင်းကာ၏။ စပျစ်သီးနယ်ရာကျင်းကိုတူး ၍မျှော်စင်ကိုဆောက်လုပ်၏။ ထိုနောက်သူသည် ဥယျာဉ်ကိုခြံသမားတို့အား သီးစားချ၍ နိုင်ငံရပ်ခြားသို့ထွက်သွား၏။- Garrad Bible ထို နောက် ကိုယ် တော် သည် ဥ ပ မာ ဆောင် လျက် မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် စ ပျစ် ဥ ယျာဉ် စိုက် ပျိုး စည်း ရိုး ဝိုင်း ကာ၍ ဖိ နင်း ရာ ကျင်း ကို တူး ဖော်၊ မျှော် စင် ကို လည်း ဆောက် လုပ် ပြီး နောက် ဥ ယျာဉ် သ မား တို့ အား အ ငှား ချ ထား၍ အ ခြား ပြည် သို့ ထွက် သွား ၏။ Judson Bible ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍၊ အခြားသောပြည်သို့ သွားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံစည်းရိုးခတ်လျက် စပျစ်သီးနယ်ရာကျင်းကိုတူးကာ မျှော်စင်ကိုဆောက်လေ၏။ ထို့နောက် ထိုခြံကို ခြံသမားတို့အားငှားရမ်း၍ ခရီးထွက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုး၍ ခြံခတ်လေ၏။ သူသည် ထိုခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကို တူးပြီး ကင်းစောင့်မျှော်စင်ကိုလည်း ဆောက်၏။ ထို့နောက် ထိုစပျစ်ခြံကို စပျစ်ခြံလုပ်သားများအား ငှားရမ်း၍ အခြားတိုင်းပြည်သို့ သွားလေ၏။ |
ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။-
သင်တို့သည် အဘယ်သို့ထင်ကြသနည်း။ တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီး ဆီသို့သွား၍ ငါ့သား၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့ဟု ဆိုလျှင်၊-
အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာလင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ သွားလေ၏။-
အသီးသီးချိန် ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှာ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေလွှတ်လေ၏။-
ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီး အစွမ်းသတ္တိရှိသည်အတိုင်း၊ တစ်ဦး၌ ငွေအခွက်ငါးဆယ်၊-
အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။
ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ်၍၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးအသီး ခွဲခန့်စီမံ၍၊ တံခါးမှူးကို စောင့်နေစေဟု မှာထားပြီးမှ သွားသည်ဖြစ်၍၊-
ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကို ဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း။-
ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍ မြွက်ဆိုတော်မူသည်မှာ၊-
ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊-
အမတ်တစ်ယောက်သည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသောပြည်သို့ သွား၏။-
သူတို့ကလည်း၊ အဘယ်အရပ်၌ ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊-
ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့် ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။