သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသော မြည်းမနှင့် မြည်းကလေးကို သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။-
ရှင်မာကု 11:4 - မြန်မာ တပည့်တော်တို့သည် သွား၍ လမ်း၌တံခါးပြင်မှာ ချည်ထားသော မြည်းကလေးကို တွေ့ပြီးလျှင် မြည်းကြိုးကို ဖြည်ကြ၏။- Common Language Bible ထိုတပည့်တော်နှစ်ယောက်တို့သည်သွား၍ မြည်း ကလေးတစ်ကောင်ကိုလမ်းတွင်အိမ်တစ်အိမ်၏ တံခါးအနီးမှာလံထားသည်ကိုတွေ့သဖြင့် မြည်းကြိုးကိုဖြေကြ၏။- Garrad Bible တ ပည့် တော် တို့ သွား၍ အိမ် တံ ခါး အ နီး လမ်း တွင် ချည် ထား သည့် မြည်း ငယ် တစ် ကောင် ကို တွေ့၍ ဖြည် ကြ စဉ်၊ Judson Bible တပည့်တော်တို့သည် သွား၍ လမ်း၌တံခါးပြင်မှာ ချည်ထားသော မြည်းကလေးကို တွေ့ပြီးလျှင် မြည်းကြိုးကို ဖြည်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့သည်ထွက်သွား၍ လမ်းဘေးအိမ်တံခါးတွင်ချည်ထားသော မြည်းကလေးတစ်ကောင်ကိုတွေ့သဖြင့် ၎င်းကိုကြိုးဖြေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့သည် ထွက်သွား၍ လမ်းဘေး၌ အိမ်တံခါးအနီး ချည်ထားသောမြည်းကလေးကို တွေ့မြင်ကြ၏။ |
သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသော မြည်းမနှင့် မြည်းကလေးကို သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။-
သူတစ်ပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။-
ထိုအရပ်၌ ရပ်နေသောသူအချို့တို့က၊ အဘယ်ကြောင့် မြည်းကြိုးကိုဖြည်သနည်းဟု ဆိုလျှင်၊-
မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။-