သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။-
ရှင်မာကု 10:4 - မြန်မာ သူတို့က၊ ဖြတ်စာကိုပေး၍ မယားနှင့် ကွာစေခြင်းငှာ မောရှေစီရင်ပါသည်ဟု လျှောက်ကြ၏။- Common Language Bible သူတို့က ``မယားကိုဖြတ်စာနှင့်ကွာရှင်းရန် မောရှေခွင့်ပြုပါသည်'' ဟုဖြေကြားကြ၏။ Garrad Bible သူ တို့ က ဖြတ် စာ ရေး ပေး၍ ကွာ စေ ရန် မော ရှေ ခွင့် ပြု ပါ သည် ဟု ဆို ကြ ၏။ Judson Bible သူတို့က၊ ဖြတ်စာကိုပေး၍ မယားနှင့် ကွာစေခြင်းငှာ မောရှေစီရင်ပါသည်ဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့က “ဖြတ်စာကိုရေး၍ ကွာရှင်းရန် မောရှေက ခွင့်ပြုထားပါသည်”ဟု ပြန်လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့က “ကွာရှင်းစာချုပ်ကို ဇနီးအားပေး၍ ကွာစေရန် မောရှေက ခွင့်ပြုထားပါ၏” ဟု ဖြေကြားကြ၏။ |
သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။-
ဖာရိရှဲတို့ကလည်း၊ ထိုသို့မှန်လျှင် ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှာ မောရှေသည် အဘယ်ကြောင့် စီရင်သနည်းဟု လျှောက်ကြသော်၊-
ယေရှုက၊ မောရှေသည် သင်တို့အား အဘယ်သို့ စီရင်သနည်းဟု လှန်၍ မေးတော်မူလျှင်၊-