ထိုမှလွန်ပြန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။
ရှင်မာကု 10:35 - မြန်မာ ထိုအခါ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဉ်းကပ်၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ၏။- Common Language Bible ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည်အထံတော်သို့ချဉ်းကပ်၍ ``အရှင်ဘုရား၊ အကျွန်ုပ်တို့၏ပန်ကြားချက် ကိုခွင့်ပြုတော်မူပါ'' ဟုလျှောက်ထားကြ၏။ Garrad Bible ထို နောက် ဇေ ဗေ ဒဲ့ သား ယာ ကုပ် နှင့် ယော ဟန် တို့ သည် အ ထံ တော် သို့ ချဉ်း ကပ် ပြီး လျှင် ဆ ရာ၊ တ ပည့် တော် တို့ လျှောက် တောင်း သည့် အ ရာ ကို သ နား တော် မူ စေ လို ပါ သည် ဟု လျှောက် ကြ သည့် အ တိုင်း၊ Judson Bible ထိုအခါ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဉ်းကပ်၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့်ယောဟန်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “ဆရာ၊ အကျွန်ုပ်တို့တောင်းသမျှတို့ကို အကျွန်ုပ်တို့အတွက် ပြုပေးစေလိုပါ၏”ဟု ကိုယ်တော်အားလျှောက်ထားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဇေဗေဒဲ၏သားများဖြစ်သော ယာကုပ်နှင့် ယောဟန်တို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “ဆရာတော်… အကျွန်ုပ်တို့ကို ကျေးဇူးတစ်ခုပြုတော်မူပါ” ဟု လျှောက်ကြ၏။ |
ထိုမှလွန်ပြန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။
ကိုယ်တော်က၊ ငါသည်သင်တို့ကို အဘယ်သို့ ပြုစေချင်သနည်းဟု မေးတော်မူသော်၊-
ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။-
ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ခေါ်၍၊ အခြားသူမပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊-