ဖာရိရှဲတို့သည် အထံတော်သို့လာ၍၊ လူသည် မိမိမယားနှင့် ကွာအပ်သလောဟု စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်ကြသော်၊-
ရှင်မာကု 10:3 - မြန်မာ ယေရှုက၊ မောရှေသည် သင်တို့အား အဘယ်သို့ စီရင်သနည်းဟု လှန်၍ မေးတော်မူလျှင်၊- Common Language Bible ကိုယ်တော်က ``မောရှေသည်သင်တို့အားမည်သို့ ပညတ်သနည်း'' ဟုပြန်၍မေးတော်မူ၏။ Garrad Bible မော ရှေ သည် သင် တို့ အား မည် သို့ ပ ညတ် သ နည်း ဟု ပြန်၍ မေး တော် မူ လျှင်၊ Judson Bible ယေရှုက၊ မောရှေသည် သင်တို့အား အဘယ်သို့ စီရင်သနည်းဟု လှန်၍ မေးတော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“မောရှေသည် သင်တို့ကို မည်ကဲ့သို့ပညတ်ထားသနည်း”ဟု ပြန်၍မိန့်တော်မူလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ကွာရှင်းခြင်းနှင့်ပတ်သက်၍ သင်တို့ကို မောရှေက မည်သို့ညွှန်ကြားထားသနည်း” ဟု ပြန်၍ မေးတော်မူ၏။ |
ဖာရိရှဲတို့သည် အထံတော်သို့လာ၍၊ လူသည် မိမိမယားနှင့် ကွာအပ်သလောဟု စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်ကြသော်၊-
သူတို့က၊ ဖြတ်စာကိုပေး၍ မယားနှင့် ကွာစေခြင်းငှာ မောရှေစီရင်ပါသည်ဟု လျှောက်ကြ၏။-
တစ်ရံရောအခါ ကျမ်းတတ်တစ်ယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်သော်၊-
ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။-