အသီးအားဖြင့် အပင်၏သဘော ထင်ရှားသည်ဖြစ်၍၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြလော့။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့။-
မဿဲ 7:16 - မြန်မာ ထိုသူတို့၏အကျင့်ကို ထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။- Common Language Bible သူတို့သည်မိစ္ဆာပရောဖက်များဖြစ်ကြောင်းကို သူတို့၏အပြုအမူအားဖြင့် သင်တို့သိရှိကြ လိမ့်မည်။ စပျစ်သီးကိုဆူးပင်မှလည်းကောင်း၊ သင်္ဘောသဖန်းသီးကိုဆူးချုံမှလည်းကောင်း လူတို့ဆွတ်ခူးကြသလော။- Garrad Bible ချင်း တို့ အ သီး အား ဖြင့် ချင်း တို့ ကို သိ ရ ကြ လိမ့် မည်။ ဆူး ပင် တွင် စ ပျစ် သီး၊ ပေါင်း ပင် တွင် သ ဖန်း သီး ကို ဆွတ် ရ ကြ သ လော။ Judson Bible ထိုသူတို့၏အကျင့်ကို ထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။- မြန်မာ့စံမီသမ္မာကျမ်း သူတို့၏အသီးများအားဖြင့် သူတို့ကို သင်တို့သိကြလိမ့်မည်။ ဆူးပင်မှ စပျစ်သီးကိုလည်းကောင်း၊ ဆူးလေပင်မှ သဖန်းသီးကိုလည်းကောင်း ဆွတ်ခူးရလေ့ရှိသလော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ထိုသူတို့၏ ပြုမူပုံကို ထောက်ရှု၍ သူတို့သည် ပရောဖက်အတုအယောင်များဖြစ်ကြောင်းကို သိနိုင်၏။ ဆူးပင်မှ စပျစ်သီးကို ဆွတ်ခူးနိုင်သလော။ ဆူးချုံမှ သဖန်းသီးကို ဆွတ်ခူးနိုင်သလော။ |
အသီးအားဖြင့် အပင်၏သဘော ထင်ရှားသည်ဖြစ်၍၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြလော့။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့။-
သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကိုထောက်သော် သူတို့၏ သဘောကို သိရကြလိမ့်မည်။-