အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကိုလည်းကောင်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကိုလည်းကောင်း အောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာကို ခံရ၏။-
မဿဲ 5:4 - မြန်မာ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတ္တံ့။- Common Language Bible ``ဝမ်းနည်းပူဆွေးသောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အားစိတ်သက်သာ မှုကို ပေးတော်မူလတ္တံ့။ Garrad Bible မြည် တမ်း ရ သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် နှစ် သိမ့် ရ ကြ လ တ္တံ့။ Judson Bible စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း ဝမ်းနည်းကြေကွဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းကိုခံစားရကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငိုကြွေးမြည်တမ်းသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နှစ်သိမ့်ခြင်းကို ခံကြရမည်ဖြစ်သောကြောင့်ပင်။ |
အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကိုလည်းကောင်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကိုလည်းကောင်း အောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာကို ခံရ၏။-
ယခုတွင် ငတ်မွတ်သောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။ ယခုတွင် ငိုကြွေးသော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ရယ်ကြလတ္တံ့။ သူတစ်ပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ၊-
ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတ္တံ့။ ယခု ရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ညည်းတွားငိုကြွေးရကြလတ္တံ့။-
နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့် လိမ်းလျက်နေလေ၏။-
ယေရှုသည် ထိုမိန်းမအား သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလောဟု မိန့်တော်မူ၏။